ဝန်ဆောင်မှု စည်းမျဉ်းများ

Google မှ ချတ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ("ဝန်ဆောင်မှု") Google ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ ၊ Google ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ နှင့် ထပ်တိုးစည်းမျဉ်းများကိုလည်း (“ဝန်ဆောင်မှုစည်းမျဉ်းများ” ခြုံငုံလျက်) လိုက်နာရန် လက်ခံပြီး သဘောတူပါသည်။ ချတ်ဝန်ဆောင်မှုများသည် တယ်လီဖုန်းနံပါတ်များနှင့် လုပ်ဆောင်မည်ဖြစ်သောကြောင့် ၎င်းတို့သည် ယင်းတယ်လီဖုန်းနံပါတ်များထံ ဆက်သွယ်ရန် အခြားဝန်ဆောင်မှု ပံ့ပိုးပေးသူများမှတစ်ဆင့် ဆောင်ရွက်နိုင်ပါသည်။ ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ရန် သင့်အဆက်အသွယ်များကို ချတ်ဝန်ဆောင်မှု စွမ်းရည်များအတွက် အခါအားလျော်စွာ စစ်ဆေးမည်ဖြစ်ကြောင်း သဘောတူပါသည်။ Google သည် သင့်ဖုန်းလိုင်းဖြင့် သင့်တယ်လီဖုန်းနံပါတ်ကို အတည်ပြုရန်နှင့် ဝန်ဆောင်မှုကို ပံ့ပိုးရန် အမျိုးအစား သတ်မှတ်ကိရိယာများ (သို့) SIM ကတ် သတင်းအချက်အလက် အပါအဝင် သင်၏ ကိရိယာ သတင်းအချက်အလက် တို့ကို အခါအားလျော်စွာ ဖလှယ်နိုင်ပါသည်။ ဤဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများသည် သင့်ဖုန်းလိုင်းက ပံ့ပိုးထားသော အပြင်အဆင်များနှင့် ဝန်ဆောင်မှုများထံ (ဥပမာ - SMS/MMS/ စသည်တို့ အပါအဝင် ဝန်ဆောင်မှုပေးသူမှတစ်ဆင့် ခေါ်ဆိုခြင်းနှင့် မက်ဆေ့ဂျ်ပို့ခြင်း) သက်ရောက်မှု မရှိပါ။ သင်၏ မက်ဆေ့ဂျ်ပို့သည့် အပလီကေးရှင်း ဆက်တင်များတွင် ဝန်ဆောင်မှုအသုံးပြုခြင်းကို ပိတ်ခြင်းဖြင့် ၎င်းကို ရပ်စဲနိုင်ပါသည်။

ဤဝန်ဆောင်မှုကို Google LLC ၏ လုပ်ငန်းခွဲဖြစ်သည့် Jibe Mobile, Inc. က ပံ့ပိုးထားသည်။